ဦးအောင်သင်း စာအုပ်များစုစည်းမှု ( ၃၂ ) အုပ်ပါ
အောင်သင်း (၁၉၂၇ - ၂၀၁၄ )
၁၉၂၇ – ခုနှစ်၊ ဧပြီလ(၁၇)ရက်နေ့တွင် တောင်တွင်းကြီးမြို့၊ တောင်ပြင်ရပ်နေ၊ အဖ-သခင်ညီမောင်နှင့် အမိ-ဒေါ်ရွှေကြင်တို့က ဖွားမြင်သည်။ သားသမီး(၃)ယောက်အနက်-အကြီးဆုံးဖြစ်သည်။ အမည်ရင်းမှာလည်း ဦးအောင်သင်းပင်ဖြစ်သည်။
၁၉၃၂ – အသက်(၅)နှစ်အရွယ်တွင် တောင်တွင်းကြီးမြို့ တောင်ပြင်ရပ်ရှိ ဆရာဦးသာဒွန်းဇံ၏ မူလတန်း ကျောင်းတွင် စတင်ပညာသင်ကြားခဲ့သည်။ စတုတၳတန်းအောင်ပြီးနောက် တောင်တွင်းကြီးမြို့ ”မိုးထိ” မြန်မာ အထက်တန်းကျောင်းတွင် အလယ်တန်းပညာများ ဆက်လက်သင်ကြားခဲ့သည်။
၁၉၃၈ – ဆဌမတန်းတွင် ကျောင်းသားသပိတ်နှင့်ကြုံခဲ့သည်။ ထိုနှစ်၌မိခင်ကွယ်လွန်သည်။
၁၉၃၉ – သတ္တမတန်း၌ ပညာသင်ကြားနေစဉ် ပညာဘက်၌ အာရုံလျော့နည်းလာသဖြင့် စာမေးပွဲကျရံှုးခဲ့သည်။ ထို့နောက်ကျောင်းထွက်နေစဉ် ဖခင်နောက်အိမ်ထောင်ပြုသည်။
၁၉၄၁ – ရှင်သာမဏေ၀တ်၊ သာမဏေဘ၀နှင့် ပညာသင်နေစဉ် ဒုတိယကမ်ဘာစစ်ဖြစ်လာ၍ သာမဏေဘ၀မှ ထွက်လိုက်ရသည်။
၁၉၄၇ -ဒုတိယကမ်ဘာစစ်ကြီးအပြီး ၁၉၄၇-တွင် ပြည်သူ့ရဲဘော် တပ်ဖွဲ့သို့ ၀င်ရောက်လှုပ်ရှားခဲ့သည်။ ထိုမှ တစ်ဆင့် ဆိုရှယ်လစ်ပါတီသို့ ရောက်သွားပြီး သင်တန်းများတက်၍ ခရိုင်စည်းရုံးရေးမှူးအဆင့်ထိတိုင်အောင် တာ၀န်ယူဆောင်ရွက်ခဲ့သည်။
၁၉၄၉ – ရောင်စုံသူပုန်များ ပေါ်ပေါက်လာချိန်၌ ရဲဘော်ဖြူများ၏ ဖမ်းဆီးခြင်းခံရပြီး မကွေးထောင်၊ တောင်တွင်းကြီးထောင်၊ ပြည်ထောင်၊ သရက်ထောင်များတွင် နေထိုင်ခဲ့ရ။ နို၀င်ဘာလတွင် သရက်ထောင်ကို ဖောက်၍ ထွက်ပြေးလွတ်မြောက်ခဲ့။
၁၉၅၂ – တောင်တွင်းကြီးမြို့သို့ ပြန်ရောက်လာကာ တက္ကသိုလ်၀င်တန်းစာမေးပွဲ ၀င်ရောက်ဖြေဆိုခဲ့။
၁၉၅၃ – တက္ကသိုလ်၀င်တန်းအောင်။ အောက်တိုဘာလတွင် မိုးထိ အထက်တန်းကျောင်း၌ အလယ်တန်းပြ ဆရာအဖြစ် ၀င်ရောက် အမှုထမ်းခဲ့။
၁၉၅၆ – အလယ်တန်းပြဆရာအလုပ်မှထွက်၍ မကွေးကောလိပ်၌ ဥပစာ-၀ိဇ္ဇာတန်းကို စတင်တက်ရောက်ခဲ့ သည်။
၁၉၅၈ – ရန်ကုန်တက္ကသိုလ်သို့ ဆက်လက်တက်ရောက်ခဲ့။ ‘သရက်ထောင်ဖောက်စဉ်က’ ကိုယ်တွေ့ဆောင်းပါး ရေးသားကာ ရှုမ၀မဂ္ဂဇင်းသို့ ပို့ခဲ့(ထိုစဉ်က ပြည်တွင်းစစ်နှင့်ပတ်သက်သော အကြောင်းအရာများ မထည့်ရန် ရှုမ၀ က ဆုံးဖြတ်ထား၍ ဆောင်းပါးကို ပြန်ပို့ပေးခဲ့။) မြ၀တီမဂ္ဂဇင်းသို့ ပေးပို့ခဲ့။
၁၉၅၉ – မေလထုတ် မြ၀တီမဂ္ဂဇင်းတွင် ”သရက်ထောင်ဖောက်ခဲ့စဉ်က” ဆောင်းပါးဖော်ပြခံရ။(အောင်သင်း၏ ပထမဆုံး စာပေလက်ရာဖြစ်။)
၁၉၆၀ – ၀ိဇ္ဇာတန်းကို မြန်မာဘာသာစကားနှင့် အနုစာပေ၊ အင်္ဂလိပ်ဘာသာစကားနှင့် အနုစာပေ၊ ဒဿနိက ဘာသာတွဲဖြင့် အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ် ကျောင်းသားများထုတ်ေ၀သော ပုသိမ်မဂ္ဂဇင်းတွင် ဆောင်းပါး(၂)ပုဒ်(”လူသေလူမဖြစ်မီက ရှင်ဥက္ကဌ” ဟူသော ဆောင်းပါးနှင့် အခြားဆောင်းပါးတစ်ပုဒ်)နှင့် အင်္ဂလိပ်ကဗျာဘာသာ ပြန်(၁)ပုဒ်ကို ရေးသားခဲ့(မောင်သံနိုင်-အမည်ဖြင့်)။
၁၉၆၁ – ဘီအီးဒီဆက်တက်နေစဉ် မြန်မာစာဌာန ပါမောက္ခဦး၀န်လက်ထက်၌ ‘မြန်မာစာမဟာ၀ိဇ္ဇာ အရည် အချင်းစစ်သင်တန်း တက်ရောက်ခွင့်”ဖြေဆိုအောင်မြင်ခဲ့။
၁၉၆၂ – ရန်ကုန်တက္ကသိုလ်၌ နည်းပြဖြစ်လာ။ ”စာဆိုတော်” ပြားငါးဆယ်တန် မဂ္ဂဇင်းလေး၏ စာပေညွှန်ကြား ရေးမှူး(တာ၀န်ခံ အယ်ဒီတာမှာ-တပ်မတော် မင်းရဲထွန်း ဖြစ်သည်)။ ထိုစာစောင်တွင် လစဉ် ၃-၄ ပုဒ်ရေး၍ ‘မောင်သံနိုင်’အမည်ဖြင့် ပြန်သုံးခဲ့။ နောက်ပိုင်းတွင် အမည်ရင်း ”အောင်သင်း” ဖြင့်သာ အသုံးပြုခဲ့။
၁၉၆၃ – မော်လမြိုင် ဒီဂရီကောလိပ်သို့ ပြောင်းရွှေ့ခဲ့။ ”ကံ့ကော်မြိုင် စာတန်းများ” စာစု၌ စာတန်း(၃)ပုဒ်ရေးခဲ့ ရာ (၂)ပုဒ်ကို ထိုစဉ်က အလယ်တန်း၊ အထက်တန်းမြန်မာစကားပြေ လက်ရွေးစင်တို့တွင် ကျောင်းသုံးပြဌာန်းခဲ့။
၁၉၆၅ – မေလတွင် ပြင်ဦးလွင်စစ်တက္ကသိုလ် မြန်မာစာဌာနသို့ လက်ထောက်ကထိကရာထူးနှင့် ပြောင်းရွှေ့ အမှုထမ်း။
၁၉၆၆ – ”စိတ်ပင်လယ်စာတမ်းများ” အတွက် စာတမ်းငယ်(၂)ပုဒ် ရေးပေးခဲ့။
၁၉၇၀ – အောက်တိုဘာလတွင် ရန်ကုန်တက္ကသိုလ်သို့ ပြန်ပြောင်းရပြီး မဟာ၀ိဇ္ဇာတန်းဆက်တက်ခဲ့။
၁၉၇၁ – ရှုမ၀မဂ္ဂဇင်း၌”မြန်မာဘာသာစကားနှင့် ကာရန်မဲ့ကဗျာ” စာပေေ၀ဖန်ရေးဆောင်းပါးကို ရေးခဲ့။ ထိုအချိန်မှစ၍ စာပေသဘောတရား စာပေေ၀ဖန်ရေးများကို ဆက်တိုက်ရေးခဲ့။
၁၉၇၄ – ”၀တၳုတိုများ လေ့လာချက်စာတမ်း” ပြုစုတင်ပြပြီး မဟာ၀ိဇ္ဇာတန်းကို ဂုဏ်ထူးနှင့်အောင်မြင်ခဲ့သည်။
၁၉၇၇ – ”စာပေရေးရာဆောင်းပါးများ” စာအုပ်ထွက်ခဲ့။
၁၉၇၈ – ဧပြီလတွင် နိုင်ငံရေးလှုပ်ရှားမှု၌ ပါ၀င်ပတ်သက်သည်ဟု မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက ယူဆ သောကြောင့် အလုပ်မှထုတ်ပယ်ခြင်းခံရ။ ထိုအချိန်မှစ၍ အလွတ်နည်းပြတန်းများတွင် မြန်မာစာပေသင်ကြားပေး ခြင်း၊ စာပေရေးသားခြင်းတို့နှင့်သာ အသက်မွေး၀မ်းကျောင်းပြုခဲ့သည်မှာ ယနေ့အထိဖြစ်သည်။
၁၉၈၃ – နို၀င်ဘာလတွင် သဘင်မဂ္ဂဇင်း အမှတ်(၁)မှစ၍ (၂၅)လတိုင်တိုင် ”အကြိုက်ဆုံး၀တၳုတိုကဏ္႑” ကို လစဉ်ရေးသားခဲ့။ ဤနောက်ပိုင်းတွင် မဂ္ဂဇင်းများတွင် အလျဉ်းသင့်သလို ရေးဖြစ်ခဲ့။ ပိဋကတ်မိတ်ဆက်၊ ဂန္တ၀င် မိတ်ဆက် စသည်ဖြင့် လူငယ်များအတွက် ရည်ရွယ်ရေးသော စာအုပ်များထွက်ခဲ့။
၁၉၉၄ – ”၀တၳုရေးရာဆောင်းပါးများ” ထွက်။
၁၉၉၅ – မေလတွင်”အမွေ” စာအုပ်ထွက်(မိုးမိုး(အင်းလျား) အမှတ်တရဟောပြောပွဲမှ ဟောပြောချက်များ)။ ၀င်းငြိမ်း အင်တာဗျူး ”စာပေလူကြမ်းမင်းသား အောင်သင်းနှင့်တွေ့ဆုံပေးခြင်း”ထွက်။
၁၉၉၈ – ”မျိုးဆက်သစ်တိုးတက်ရစ်ဖို့”(တ)အကြိမ် ပြန်ထွက်။ ”ကိုယ်ကျင့်နဲ့ပညာ”စာအုပ်ထွက်။
၁၉၉၉ – ”အကြိုက်ဆုံး၀တၳုတိုများနှင့် သုံးသပ်ချက်များ”(ပ၊ဒု)ထွက်။
၂၀၀၀ – ”လက္ခံလိုက်စမ်းပါ တကယ့်အနုပညာ” စာအုပ်ထွက်။ ”နှစ်ကိုယ်သိ” (နိုင်ငံတကာ၀တၳုတိုဘာသာပြန်)ထွက်။
၂၀၀၂ – ”ရှင်ဘုရင်ပါပဲနှင့် ရွှေပြည်တန်သော ဆောင်းပါးများ”။ ”လှလိုက်တာနော်နှင့် ရသစာတမ်းငယ်များ”။ ”ကမ်ဘာပြဿနာရှင်းတဲ့နေ့နှင့် ရသစာတမ်းငယ်များ”စာအုပ်များထွက်။
၂၀၀၄ – ”ကန့်ကူလက်လှည့်”စာအုပ်ထွက်။
နောက်ပိုင်းတွင်လည်း စာအုပ်များ ဆက်လက်ထွက်ရှိခဲ့။
ဆရာအောင်သင်းသည် စာပေများပြုစုရင်း
အသက် ၈၈ နှစ် တွင် ရန်ကုန်မြို့ အာရှတော်၀င်ဆေးရုံမှာ ဆေးကုသမှု ခံယူရင်း ၂၀၁၄ အောက်တိုဘာ ၂၅ ရက် မနက် ၁၀ နာရီ ၇ မိနစ်မှာ လူကြီးရောဂါဖြင့် ကွယ်လွန်သွားပါသည် ။
၁။သေကိန်းဆိုက်တဲ့ည နှင့် အခြားဝတၳု တိုများ ( 2.3.MB )
၂။ကန့်ကူလက်လှည့်
၃။စဉ်းစားစရာလေးတွေ
(1.9 MB )
၄။ကိုယ်တွေ့စာစီစာကုံး
၅။ခေတ်သစ်ကမ်ဘာအတွက် ပညာရေး နှင့်
စာရိတ္တပျိုးထောင်မှု
၆။ပေးသူ နှင့် ယူသူ
၇။မျိုးဆက်သစ် တိုးတတ်ရစ်ဖို့
( 22 MB )
၈။မျိုးဆက်သစ်အတွက် ဂန္တဝင်မိတ်ဆက်
( 0.98 MB ) စာမျက်နှာ - ၁၈၅
၉။ရည်မှန်းချက် နှင့် ပြဿနာအထွေထွေ
( 8.8 MB ) စာမျက်နှာ - ၈၂
၁၀။ရွှင်ရွှင်ပြုံးပြုံး စာစီကုံး
၁၁။သရက်ထောင် ဖောက်ခဲ့စဉ်က
( 241 KB )
၁၂။သူတို့ နှင့် ကျွန်တော်
၁၃။အတွေးစကား
၁၄။အတွေ့အကြုံ နှင့် အတွေးအကြံ
၁၅။အနာဂတ်ကို မကြောက်နဲ့
( 711 KB ) စာမျက်နှာ - ၁၃၁
၁၆။အမွေ
၁၇။စာပေလူကြမ်းမင်းသားအောင်သင်းနှင့်တွေ့ဆုံခြင်း
၁၈။အောင်သင်းစဉ်းစားမိသမျှ
၁၉။ကျွန်တော်ကျောင်းဆရာ
၂၀။စာရိတ္တမာန
၂၁။လက်ခံလိုက်စမ်းပါ
၂၂။သိချင်စိတ်
၂၃။တောင်တွင်း၏အောင်သင်း
၂၄။အတွေးစကားများ
၂၅။မျိုးဆက်သစ်အတွက်ပိဋကတ်မိတ်ဆက်
၂၆။ဝတၳုရေးရာဆောင်းပါးများ
၂၇။အောင်သင်းအမေး သူတို့အဖြေ
၂၈။တစ်ခါတုန်းက တပည့်တွေ
10MB
၂၉။ကျွန်တော့်ကွန်ပြူတာ
၃၀။သံလွင်ရွက်သရဖူ
၃၁။ရှင်ဘုရင်ပါပဲနှင့်ရွှေပြည်တန်သောဆောင်းပါးများ
၃၂။သူတို့အလွမ်း ကျွန်တော်အလှ
Comments
Post a Comment